Sunday, 29 April 2012

ကိုယ်ယောင်ဖျောက်တဲ့ ပန်း


သစ်ရွက်စိမ်းလေး တစ်ခက်နဲ့
တိမ်းဝှက်နေတဲ့ နှင်းဆီ
လိပ်ပြာနီလေး ထအပျံမှာမှ
ရနံ့ တွေ တောထအောင် ပွင့်အန်ကြတယ်
ဝတ်ရည်ဆက်သခွင့် ရမှ
ချစ်ခြင်းရဲ့  သကေတဆိုရင်
မျက်ရည် အလူးလူး ညတွေကြားက
ကိုယ့် အတဆူး ပြန်စူးမိတဲ့
သိုဝှက်ပန်း တစ်ပွင့် ရှိုက်သံ
မစစ်မှန် ခဲ့ဘူး စွပ်စွဲ လိုက်ပါ
အပွင့်စုံ အရောင်စုံ ရှိနှင့်ပြီးသားတောမှာမှ
အလွမ်းတွေ ဆွတ်ဆွတ်ဖြူအောင်ပွင့်မိတယ်
ကိုယ့် ရနံ့ ကိုယ်ပြန်ဖျောက်ရင်း
ရှင်သန်ခြင်းပျောက်ရှခဲ့ ရတဲ့ ဘဝ
မွန်းကျပ်လွန်းလှ လို့
လေတစ်ချက် အယိမ်းမှာ
တိမ်းကြွေ ခွင့်သာမျှော်လင့်ရင်းတွေး
လိပ်ပြာနီလေးရေ….
အနမ်းဦးနဲ့  လွဲခဲ့ရတဲ့ ပန်းဖြစ်လို့
မကျွမ်းမီကပဲ လွမ်းရစ်ပါရစေတော့….။

တယော

No comments:

Post a Comment