ဇာတ်တစ်ခု အစအဆုံးမှာ
ကဖျက်ယဖျက် ၀င်က ရတဲ့
အရံလူ နေရာ…. အစထဲက မုန်းတယ်..
အခန်းဆက်ဆိုတော့လဲ
ကြိုမသိခဲ့ လိုက် ဘူး
ကျရာနေရာက ၀င်သရုပ်ပြ
နှင်းဆီ လှလှတွေနဲ့
ပုံတို ပတ်စ တွေနဲ့
ပြက်လုံး တစ်ပိုင်းတစ်စ တွေနဲ့
ကျကျနန ပျော်ရွှင်နေလိုက်တာ
ကိုယ့်နေရာ….သံသယ မဲ့စွာနဲ့
တကယ်ဆို
အစထဲက မပါဝင်ခဲ့ရသလို
အဆုံးမှာလဲ နေရာမရှိခဲ့ သူပါ
ဇာတ်ဆရာ အလိုကျ
အလယ် အခန်းဆက် က ၀င် ‘က’
ရွေးချယ်ခွင့်နောက်ကျ ခဲ့ရတယ်
ဇာတ်သိမ်းလေး လှစေဖို့
ကိုယ်မျက်ရည် ကြွေ အကျ
လက်ခုပ်သံ သဲ့သဲ့ ခြွေကြတယ်
အဆုံးမှာ
သူရယ်..သူ့နံရိုးလေး တစ်ချောင်းရယ်
ရင်ဟောင်းလောင်းပွင့်ခဲ့ရ ပေါ့….။
တယော
No comments:
Post a Comment