မှားတယ်လို့တော့
ပြောလို့မရပါဘူး
‘မှန်ကန်’ ဆိုတဲ့
စကားလုံးကို မုန်းတာ
ငါးတွေ အလွန်မှ မဟုတ်တာ…
ဖန်ပုလင်း
အကြည်တောက်တောက်ထဲမှာတော့
ဝတ်ရည်ချိုတွေ
ကျပျောက်နေတဲ့
လိပ်ပြာတစ်ကောင်
ငိုမဲ့မဲ့နဲ့…
မဆိုင်တဲ့ စကားတွေ
ကရားရေလွတ်
မိုးတိမ် အဖြူဆွတ်ဆွတ်တွေ
ငေးနေတာက
အဖြူရောင် သံဆန်ကာကွက်ထဲက
ရွှေဂဲ…
ပုလွေသံနောက်
ကောက်ကောက်ပါမိလို့
ပခြုပ်ကို အိမ်လုပ်နေရရှာတဲ့
မာန်စွယ်ကျိုး…အကကောင်းသူ…
အစာရေစာ မပူရပေမယ့်
ရှင်သန်ခြင်း အနှစ်မဲ့
နေတဲ့
အကြည့်ခံ အရှုခံ ဥယျာဉ်ထဲက
မျက်ရည်စက်များ…
တံဆိပ်လှလှတွေ စနစ်တကျကပ်
ကျဉ်းကျပ်မှုတွေ အရသာခံရင်း
သံတိုင်နောက်က....အတ္တကိုယ်စီနဲ့
လမ်းမပေါ်မှာတော့ သူတို့တွေ...။
တယော
No comments:
Post a Comment