Friday, 27 April 2012

ရောင်းရန်မဟုတ်တဲ့ ပန်းချီကား


ဘောင်ခတ်ထားတဲ့ ပုံရိပ်လေး
တနေ့တနေ့ သွားငေးလို့
ပိုင်ရှင်လက်မှတ်လေးတောင် အလွတ်ရခဲ့
ဘယ်လိုတန်ကြေးမျိုးနဲ့မှ
အိမ်နံရံမှာ ချိတ်ဆွဲခွင့်မရတဲ့အခါ
မေ့မရစွာ တသသ
အိပ်မက်တွေ ညဆက်ရလည်း
ဆနတွေသာ အထပ်ထပ်ခ၀ါချခဲ့ရ
မြတ်နိုးတတ်လွန်းသူချင်း
ညှိသွန်း စရာ ကြိုးမရှိတော့
မချိတရိ နှလုံးသား ထက်မှာပဲ
တစ်သက်တာ သိမ်းထားဖို့
စိတ်မှတ်မဲ့ စူးနင့်စွာ ဆွဲသား
ကိုယ်တိုင်ပေးထားတဲ့ ၀တရား လို
ပြခန်းတံခါး မပိတ်သရွေ့ 
ည ည နေ့ နေ့
ကိုယ် အဲဒီရှေ့ မှာ….။

တယော

No comments:

Post a Comment