Saturday 5 July 2014

ဆက်ကနေဦးမှာ




သိပ်နေနိုင်တာ
ကိုယ့်သီချင်းကို ရပ်လိုက်ရင်လည်း
သူက ဆက်ကနေဦးမှာ သိတယ်
သူ့မှာ ကကွက်အဆန်းတကျယ်တွေ
တညပြီးတည မမောစတမ်း
တော်ရုံနဲ့ သတိထားမိဦးမယ်မထင်ဘူး
ကိုယ်ကပဲ မနေနိုင်လို့ ပြန်ဆိုနေမိမှာ
ကုသိုလ်ချင်းမှ မတူဘဲ
သူက မကြည့်ဘဲ မနေနိုင်လောက်အောင်
နှုတ်ခမ်းကို ကိုက်မိတယ်
ကိုယ်တစ်ယောက်ထဲ အတွက်မှ ...
သီချင်းသံက တဖြည်းဖြည်းတိမ်ဝင်သွား
သူက ဂရုမထားမိ သလိုပဲ...
ရပ်လိုက်တော့မယ်
လှည့်ထွက်ခဲ့မယ်
ဒါမှ သူအကကို ရပ်လိုက်မှာ
ကိုယ့်ကို လိုက်ရှာ နေမလား
အမိုးစွန်းလေးနဲ့ နီးရင် သိပ်ကောင်းမှာပဲ
အလွယ်တကူ သူလိုက်လာနိုင်မှာ
ခုတော့..
သီချင်းသံ တိုးတိုးလေး
ရေစပ်က ခုံတန်းပေါ်မှာ
နားကိုစွင့်ထားလိုက်တယ်
ဒီနေ့ကျမှ လေတွေ တအားတိုက်နေသလို
ဖြတ်သွားဖြတ်လာ သူစိမ်းတွေချည်းပဲ
ဒီနေရာမှာ ကိုယ်ရှိနေတာ ဘယ်သူမှ မသိကြဘူး
ဒါ ကိစ္စ မရှိဘူး
အဲ့ဒီ နေရာမှာ ကိုယ်မရှိတော့တာ
သူ သိမှာပါ
သီချင်းနောက်တစ်ခေါက်ပြန်စတယ်
နားလည်ပေးဖို့ စိတ်မရှည်တဲ့သူ့ကို
ကိုယ် နားလည်ပါတယ်
မျက်ရည်ခဏခဏ၀ဲတာကိုယ်လည်း မကြိုက်ဘူး
တစ်ခါလောက်တော့
နှလုံးသားချင်း လဲကြည့်ချင်မိတယ်
သီချင်းသံဟာ အက်လာပြီ
ခုံတန်းလေး မှောင်နေပြီ
သူ မလာတော့ဘူး
သူ့မှာ လဲစရာ နှလုံးသားမရှိဘူး
ပြန်လှည့်လာမှာသိတဲ့ သီချင်းသံကို စောင့်နေတော့မှာ
ဒါမှမဟုတ်
စောင့်မနေဘူး
သိပ်နေနိုင်တယ်
သီချင်းကို ရပ်လိုက်ရင်လည်း
သူက ဆက် က နေ ဦး မှာ ....

တယော