Friday, 27 April 2012

ကဝေပေးတဲ့ အိပ်မက်


ကျွမ်းကျင် ယက်ကန်းသည်ပဲ
စကားလုံးနဲ့ ခတ်တဲ့ အထည်
မထိရက်အောင် လှပါတယ်…
အလွမ်းသင့် လွန်းတော့လည်း
ဆန့်ကျင် အစွန်းတစ်ဖက်မှာ
ဗလာနယ်တွေ ၀ှက်ထားသလား
ဗလာတွေပဲ လှပ်ထားသလား ဆိုတာ
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့
အဆုံးသတ်မရတဲ့ကဗျာတွေပဲ များလာခဲ့
တစ်ခါတလေ တော့လည်း
ချစ်တယ် မချစ်ဘူး ပွင့်ဖတ်လေးတွေ
ခပ်ဆိတ်ဆိတ် ခြွေချသလို
ခေါင်းနဲ့ပန်း ကျသံကို
ရင်ခုန်စွာ စောင့်ဖမ်းသလို
ရေ ရေ ရာ ရာ ရှိချင်လှလည်း
နောက်ဆုံး ပွင့်ဖတ်ကို မထိရဲ..
ဆုပ်ထားတဲ့ လက်ကို မဖြည်ရဲ..
ဒီ..လို…နဲ့….ပဲ…
ဇာတ်သိမ်းလှမှာ မသေချာပေမယ့်
တစ်ထောင့်တစ်ည တွေထဲ
ပုံပြင်သည်လေးပဲ မျှော်လင့်
နေမမြင့်ချင်လဲ မွန်းတည့်လာခဲ့………။

တယော

No comments:

Post a Comment