သူလို
ငါလို နောက်ကျောနဲ့
ရယ်မောနေတဲ့
မျက်နှာ တစ်ဖက်…
ပွဲတိုင်းတော့
မပါတတ်ဘူး
စိတ်လို
လက်ရမရှိတဲ့ အခါ
ခပ်အေးအေး
ဘေးထွက်ထိုင်လို့…
ကျရာ
နယ်ပယ်မှာတော့
စွယ်စုံရ
ပညာသည်
အပြောင်
အပြက်တွေ ဖုံးထားပေမယ့်
အလေးအနက်သုံး
ရတဲ့နေရာဆိုတာ
တန်ဖိုးထားသူတိုင်းသိ
အားလုံး
ဝိုင်းမျှော်လင့်မိတဲ့သူ…
အနိုင်
အရှုံး ဆိုတာထက်
လို
တာသုံးဖို့ ပဲ ပေးဆပ်
သူ့ရင်ထဲက
လိုအပ်ချက်ကိုတော့
ဘယ်လို
ကိန်းဂဏန်းနဲ့ မှ မဖော်ပြ ခဲ့သူ….
ကံအလှည့်နဲ့
မှကျလာတဲ့
အဲဒီ
ရယ်စရာ မောစရာ တစ်ချပ်ဟာ
သံသရာ
အဆက်ဆက်
ဘယ်သူ့
လက်ထဲမှာမှ
ပစ်ဖဲတစ်ချပ်..မဖြစ်ခဲ့ဘူး…။
တယော
No comments:
Post a Comment