Wednesday 7 October 2015

Umbra


Everything is faint tonight.
By dint of a gloomy room
or a crescent moon...?
My heart is sad and tired.
Like a dew drop on a frond,
Will you be disappearing soon...?

Tayaw

Sunday 3 May 2015

လမ်းသလားတဲ့ ကောင်

ကဗျာဟာ လမင်းကိုဝင်တိုက်မိတုန်းက
လွင့်စင်မြောက်တက်
ဟိုး..တိမ်တွေရဲ အနောက်ဘက်အထိ
လရောင်အောက်မှာ

ခြေထောက်ပျောက်ခဲ့ဖူးတယ်
 

ကဗျာဟာ အိပ်မက်ကိုဝင်တိုက်မိတုန်းက
တိမ်းမူးပျော်မွေ့
နှင်းတွေအပြည့်နဲ့ မြို့ရိုးထိပ်က
လူခြေတိတ်မှ
ထွက်လာခဲ့ရတဲ့ကြယ်ပေါ့
 

ကဗျာဟာ အချစ်ကိုဝင်တိုက်မိတုန်းက
ညံ့သက်မွှေးထုံ
ပန်းရောင်စုံ ဥယျာဉ်ကြီးထဲက
မျက်လွှာချထားတဲ့
အလှဆုံး နှင်းဆီ
 

ကဗျာဟာ ဘ၀ကိုဝင်တိုက်မိတော့
ဝရုန်းသုန်းကား
သူ့လက်ဖ၀ါးထဲက
ဖျပ်ခနဲ လွတ်ကျကွဲသွားခဲ့တဲ့

သူမရဲ့ လက်ကလေး

ကဗျာဟာ
နာနာကျည်းကျည်း ခြယ်သနေတယ်
အမှောင်မရောက်ခင်
သိပ်လှနေတဲ့ဆည်းဆာလို
တိုးဖွထိရှ
အလွမ်းဟာ ကဗျာကိုဝင်တိုက်သွားမိတုန်းက...။

 



တယော

Tuesday 24 February 2015

ပင်လယ်သို့ ပေးစာ



တစ်နေ့တစ်ကြောင်း ပို့သတဲ့
ဆုတောင်းတွေပဲ
ပုလင်းလွတ်ထဲ ပိတ်လို့
တိတ်ဆိတ်နေလိုက်ကြရအောင်
ငါတို့က
မပြောဖြစ်ခဲ့တဲ့ စကားတွေ
မရွတ်သင့်တော့တဲ့ စာသားတွေ...။


တယော



 

A message to sea


Just wishes
That were sent by everyday
While sealing in a bottle
Let's be silent and float away
As we are the words haven't been chosen
As we are the words should be hidden


Tayaw

ဒဏ်ရာ



ဒူးထောက်ချလိုက်တဲ့ မုဆိုးက
ယုန်ကလေးကို ထွေးပိုက်မလို့ပါ
သူ့ခမျာ အထိတ်တလန့်ခုန်ပေါက်သွားရ
တလျောက်လုံး စွဲထင်လာခဲ့တဲ့အစွန်းက
သူ့ လက်မှာ ။


တယော