ခိုင်မတ်မယ်
အထင်နဲ့
မြို့ရိုးတစ်ထပ်
ခတ်ခဲ့တာပဲ
ရင်တစ်ခုလုံး
ဝုန်းဒိုင်းကြဲပြိုကျမှ
အင်အားပြင်း
ငလျင်ဗဟိုချက်က
လက်ဝဲဘက်
ခပ်နက်နက်မှာဆိုတာ
ဖရိုဖရဲ
နဲ့ သိခဲ့ရ
အဲဒီ
ကတည်းက
အရုပ်ကြိုးပြတ်
မြို့ပျက်ထဲ
အလွမ်းတွေ
တအုံ့တမှိုင်းနဲ့
နေထွက်ချိန်တိုင်း
မှောင်မိုက်နေခဲ့တာ
ရင်ကိုလာစိုက်တဲ့
မြှားတွေလို
အဆိပ်သွင်းထားတဲ့
အမှန်တရားထဲ
ကျိတ်ရှိုက်ခဲ့ရတဲ့
သက်ပြင်းတွေလဲ
တစ်စင်းပြီး
တစ်စင်းကြွေ
လောင်ကျွမ်းရင်
ကျွမ်းသွားပါစေ
ကိုယ့်ရဲ
့… ညနေခင်းတွေဆီမှာတော့
ကောင်းကင်အပြည့်ပဲ
ခမ်းနားချင်ခဲ့တာ
ခုတော့
အခွင့်မရှိတဲ့ ကြယ်တစ်ခင်း
ပုလင်းထဲမှာ
ကျပ်ကျပ်တည်းတည်းလင်းလို့
ပြန်လည်ထူမတ်ဖို့
ကြိုးစားရင်း
အခါခါ
ပြိုဆင်းခဲ့ရ
အစကတော့
ကိုယ်လဲ..အငိုလွယ်သူမဟုတ်ခဲ့ဘူး
သူ့တစ်ကြောင်းနှစ်ကြောင်းကဗျာတွေကိုက
တတိတိပဲ့ကြွေကျစေတဲ့
ငလျင်ငယ်တွေ
နေ ပါ
စေ တော့
ကြိုးလျော့နေတဲ့
ညာလက်တစ်ဖက်
ကြယ်အသေအပျက်တွေနဲ့
အဲဒီ…ပစ်စလတ်ခတ်
မြို့ ပျက်ထဲ
နက္ခတ်အမှားတွေနဲ့ပဲ နေ၀င်မယ်…။
တယော
No comments:
Post a Comment