Sunday, 29 April 2012

စာရေးစက္ကူ


တစိုက်မတ်မတ် ကြည့်နေလိုက်တာ
မျက်တောင်မှ ခတ်ရဲ့လား မသိ
မျှော်လင့်ချက် အတိနဲ့ ရင်အစုံက
တဖျပ်ဖျပ်ခုန်လို့

ဟော

ဆတ်ခနဲ မျက်တောင် အခတ်
သူ့ကိုယ်ဟန် မတ်လို့
သက်ပြင်း တစ်ချက်ရှိုက် ထုတ်လိုက်တယ်
ကိုယ် ထပ်ရင်ခုန်တယ်
အလကားပါပဲ
ခေါင်းကို တစ်ချက် ရမ်းရင်း
ဟိုး အဝေးကို ငေးနေလိုက်တာ
နာရီပေါင်းများစွာ
စိတ်ရှည်လက် ရှည် ကိုယ်စောင့်ခဲ့တယ်

လက်ခနဲ မျက်လုံး အလဲ့
ဆုံးဖြတ်ချက်ချပြီးသလိုပြုံးရင်း
ကိုယ့်ဘက်ကို လှည့်တယ်
ကိုယ်ပျော်သွားတယ်
ညင်သာနူးညံ့ တဲ့ လက်ချောင်းတွေက
ကိုယ့်မျက်နှာမှာ ဖွ ဖွ ရွ ရွ
သူ့မျက်လုံးတွေ ပြုံးတယ်..
ခဏပဲ
သူ့မျက်ခုံးတွေ အရုန်းမှာ
ကိုယ်…လုံးခြေကြေမွ
အနားက အမှိုက်ပုံးထဲ ပစ်ချခံလိုက်ရတယ်

ဟော
သူ့မျက်လုံးတွေ ပြုံးပြန်ပြီ…….။

တယော

No comments:

Post a Comment