သူ့ရှင်သန်ပုံက
လုံမပျို ရဲ့ ဆံယဉ်စလို
နွဲ့နှောင်း ဖြာဆင်း
အရောင် အဆင်းတော့ မဲ့တယ် ♠ ♠
မလိုသူတွေ ကဲ့ရဲ့ ကြတယ်
အမြင့်ကခုန်ဆင်း..မိုက်တွင်း နက်သတဲ့
သူ့အတွက်တော့
ရင်ခုန်နေရတာက အရသာ
ကြုံဆုံလာတဲ့ ခလုတ်ကန်သင်းတွေ
သူ့အရှိန်နဲ့ ထိုးခွင်းပစ်လိုက်တယ် ♠ ♠
သူ့ခြေရင်းမှာက ၀ပ်စင်းနေတဲ့
အသူရာနက်တဲ့ ချောက်တစ်စင်း..
သူ့ရင်တွင်းမှာတော့ နေရောင်မလက်တဲ့
လျို့ဝှက်အပ်တဲ့ ဂူတစ်စင်း…
ဒါ..သူရဲ့ ခမ်းနားတဲ့ ပိုင်ဆိုင်ခြင်းတွေပေါ့ ♠ ♠
တချို့က သူ့အတွက်..တောင်စဉ်တွေဖြတ်နင်း
တချို့က ချိုင့်ဝှမ်းတွေ ဆင်း..လို့..
နတ်တို့ ဖန်တဲ့အဆင်း
ညှို့ချက်ပြင်းတဲ့ သူ့သီချင်းနဲ့
အငွေ့အသက်က ငြိမ်းချမ်းအေးမြ
အဝေးကလာသူ အပန်းပြေရတယ် ♠ ♠ ♠
တယော