တယော
Wednesday, 7 October 2015
Umbra
Everything is faint tonight.
By dint of a gloomy room
or a crescent moon...?
My heart is sad and tired.
Like a dew drop on a frond,
Will you be disappearing soon...?
Tayaw
Sunday, 3 May 2015
လမ်းသလားတဲ့ ကောင်
ကဗျာဟာ လမင်းကိုဝင်တိုက်မိတုန်းက
လွင့်စင်မြောက်တက်
ဟိုး..တိမ်တွေရဲ အနောက်ဘက်အထိ
လရောင်အောက်မှာ
ခြေထောက်ပျောက်ခဲ့ဖူးတယ်
ကဗျာဟာ အိပ်မက်ကိုဝင်တိုက်မိတုန်းက
တိမ်းမူးပျော်မွေ့
နှင်းတွေအပြည့်နဲ့ မြို့ရိုးထိပ်က
လူခြေတိတ်မှ
ထွက်လာခဲ့ရတဲ့ကြယ်ပေါ့
ကဗျာဟာ အချစ်ကိုဝင်တိုက်မိတုန်းက
ညံ့သက်မွှေးထုံ
ပန်းရောင်စုံ ဥယျာဉ်ကြီးထဲက
မျက်လွှာချထားတဲ့
အလှဆုံး နှင်းဆီ
ကဗျာဟာ ဘ၀ကိုဝင်တိုက်မိတော့
ဝရုန်းသုန်းကား
သူ့လက်ဖ၀ါးထဲက
ဖျပ်ခနဲ လွတ်ကျကွဲသွားခဲ့တဲ့
သူမရဲ့ လက်ကလေး
ကဗျာဟာ
နာနာကျည်းကျည်း ခြယ်သနေတယ်
အမှောင်မရောက်ခင်
သိပ်လှနေတဲ့ဆည်းဆာလို
တိုးဖွထိရှ
အလွမ်းဟာ ကဗျာကိုဝင်တိုက်သွားမိတုန်းက...။
တယော
လွင့်စင်မြောက်တက်
ဟိုး..တိမ်တွေရဲ အနောက်ဘက်အထိ
လရောင်အောက်မှာ
ခြေထောက်ပျောက်ခဲ့ဖူးတယ်
ကဗျာဟာ အိပ်မက်ကိုဝင်တိုက်မိတုန်းက
တိမ်းမူးပျော်မွေ့
နှင်းတွေအပြည့်နဲ့ မြို့ရိုးထိပ်က
လူခြေတိတ်မှ
ထွက်လာခဲ့ရတဲ့ကြယ်ပေါ့
ကဗျာဟာ အချစ်ကိုဝင်တိုက်မိတုန်းက
ညံ့သက်မွှေးထုံ
ပန်းရောင်စုံ ဥယျာဉ်ကြီးထဲက
မျက်လွှာချထားတဲ့
အလှဆုံး နှင်းဆီ
ကဗျာဟာ ဘ၀ကိုဝင်တိုက်မိတော့
ဝရုန်းသုန်းကား
သူ့လက်ဖ၀ါးထဲက
ဖျပ်ခနဲ လွတ်ကျကွဲသွားခဲ့တဲ့
သူမရဲ့ လက်ကလေး
ကဗျာဟာ
နာနာကျည်းကျည်း ခြယ်သနေတယ်
အမှောင်မရောက်ခင်
သိပ်လှနေတဲ့ဆည်းဆာလို
တိုးဖွထိရှ
အလွမ်းဟာ ကဗျာကိုဝင်တိုက်သွားမိတုန်းက...။
တယော
Tuesday, 24 February 2015
ပင်လယ်သို့ ပေးစာ
တစ်နေ့တစ်ကြောင်း ပို့သတဲ့
ဆုတောင်းတွေပဲ
ပုလင်းလွတ်ထဲ ပိတ်လို့
တိတ်ဆိတ်နေလိုက်ကြရအောင်
ငါတို့က
မပြောဖြစ်ခဲ့တဲ့ စကားတွေ
မရွတ်သင့်တော့တဲ့ စာသားတွေ...။
တယော
A message to sea
Just wishes
That were sent by everyday
While sealing in a bottle
Let's be silent and float away
As we are the words haven't been chosen
As we are the words should be hidden
Tayaw
ဒဏ်ရာ
ဒူးထောက်ချလိုက်တဲ့ မုဆိုးက
ယုန်ကလေးကို ထွေးပိုက်မလို့ပါ
သူ့ခမျာ အထိတ်တလန့်ခုန်ပေါက်သွားရ
တလျောက်လုံး စွဲထင်လာခဲ့တဲ့အစွန်းက
သူ့ လက်မှာ ။
တယော
Monday, 17 November 2014
လိပ်ပြာ နုတ်တမ်း
‘ကျွန်တော့်ဘ၀က သိပ်မှောင်တာပဲ’
မဟုတ်တာ၊ ရှင့်မှာ လှပလင်းလက်လွန်းတဲ့ စွမ်းအင်တွေရှိပါရဲ့။
လှတယ် ။ ဒီလိုနာကျင်မှုတွေ သိပ်လှအောင် ဘယ်လိုမှော်ဆရာများလဲ…။
‘ကျွန်တော်တို့ နှစ်ယောက် တော်တော်တူတာပဲနော်’
အဟင်း…ကျွန်မအခုရွတ်လိုက်တဲ့ စာကြောင်းကို ရှင်က
ဖတ်နေတယ်..?
တော်တော် အပြောကောင်းတဲ့လူ။ အချက်အလက်တော်တော်များများ
တိုက်ဆိုင်နေတာကိုတော့ တအံ့တသြ…။
‘အိပ်ပါတော့ မနှင်းဆီ ၊ ကြယ်ကလေးတွေတောင် မီးမှိတ်လိုက်ပြီပဲ’
အိုး…ဒီလိုပဲ ပေါက်ကရတွေ ပြောနေကျလား…၊ ရှင်နဲ့
စကားပြောရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။
လွပ်လပ်ပေါ့ပါးခဲ့တဲ့ ညချမ်းတွေ…အဓိပ္ပါယ်တချို့နဲ့ လဲ့လဲ့လေး မှုန်ရီ…။
‘ဘာဖြစ်လို့ ပျောက်သွားရတာလဲဗျာ…ကျွန်တော့်မှာ……’
မဟုတ်သေးဘူး…ကျွန်မ..မသိခဲ့ဘူး…။ တုန်တုန်လှုပ်လှုပ်
ကျောခိုင်းနှုတ်ဆိတ်။ မဖြစ်သင့်ဘူး…ရှင်လိုက်မရှာသင့်ဘူးကွယ်။
သင့်ဆိုတဲ့စကားမှာ အသင့်အနေအထားနဲ့…။
‘ကိုယ် မပျော်ဘူး၊ ကိုယ်လာလို့ ရမလားဟင်’
ပွဲတော်မပြီးခင် ထွက်လာခဲ့မယ်…မနေ့ကလိုပဲ သူ့လက်ဖ၀ါးထဲ
စံပယ်တွေယူခဲ့ပေါ့။
မျက်လုံးတွေ အသုံးမ၀င်တော့ဘူးကွယ်။ တင်းတင်းဆုပ်ထားတဲ့
အင်အားတွေနဲ့ မြူထူထူထဲက ခြေလှမ်းတွေ…။
‘သနားပါတယ် ဒါတွေအားလုံးဟာ ကိုယ့်ကြောင့်...’
ဟင့်အင်း…မပြောပါနဲ့။ တစ်ယောက်တစ်ကိုက် စားခဲ့မိပြီပဲ။
ဟောသည် ဥယျာဉ်ကထွက်ခွာရတာ နည်းနည်းမှ ၀မ်းမနည်းမိဘူး ယုံ။
ရှေ့ကလမ်းတွေ ခက်ထန်ပါစေတော့။ မြတ်နိုးအားကိုးစိတ်တွေနဲ့
တစ်သက်စာမိုးမယ့် အရိပ်လေ လား...။
‘ကြည့်ပါဦး ဒီမှာ ကောင်မလေးတစ်ယောက် တစ်ကောက်ကောက်လိုက်နေတာ’
ဒါဆိုဟောသည်ပုံကရော ကောင်လေးတစ်ယောက် ဆံပင်တွေ
ခိုးနမ်းနေတယ်။
အဲသည် ခဏ ကိုယ့်ဝိညာဉ်ကို ဆွဲညှို့ ချုပ်ကိုင်ထား၊
သူ့လိပ်ပြာဟာ ကိုယ့်အပါးမှာ ။ အဲ့သည်ခဏဟာ…ညနေခင်းပေါင်းများစွာ ချမ်းမြေ့ ကြည်နူးလို့သွား…။
‘ကိုယ့်ဆီမှာ စိတ်တွေ တအားကြီး ပုံမထားနဲ့လေ’
ဟင်။။မှန်ထဲက အရိပ်လေးဆိုလို့ သူငိုရင် ငို၊ သူပျော်ရင်
ရယ်၊ ငြိတွယ်ခြင်းကို ဘာလို့ ထိန်းချုပ်ကန့်သတ်ချင်ရလဲ။ ခုချိန် သိပ်နောက်ကျသွားပြီ။
လက်ထဲက ဗျပ်စောင်းလေး လွတ်ကျသွားခဲ့။ ဘယ်အချိန်က
စောင့်နေမှန်းမသိတဲ့ မီးစဟာ သူ့အလှည့်တဲ့…။
‘စိတ်မပူနဲ့။ စိတ်မပူပါနဲ့။ ကိုယ်တို့က………’
အို..ကိုယ်ကိုယ်တိုင်က အငိုလွယ်နေမိတာပါ။ မိုးဆိုတာ
မပြိုတတ်မှန်း မသိတဲ့ ယုန်အလေးပေါ့။
ယုံကြည်မှုကို သူ့လက်ထဲအပ်ပြီးတဲ့နောက် ကိုယ့်မျက်လုံးကို
မယုံတော့။ ကိုယ့်နားတွေကို မယုံတော့။ ကိုယ့် နှုတ်ဖျား ကိုယ်မယုံတော့။ တကယ်တော့ ကိုယ်က
အယုံမလွယ်ခဲ့သူ…။
‘မုန်းပစ်လိုက်ပါ။ ကိုယ့်ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့တော့။’
ကိုယ် ခေါင်းငြိမ့်လိုက်ရမှာလား မျက်လုံးမှိတ်လိုက်ရတော့မှာလားကွယ်..
အဲဒီမြှားချက်မသင့်ခင်ကတည်းက သေစေလောက်တဲ့ ဒဏ်ရာကြီးနဲ့။
ပွင့်လက်စ ပန်းရုတ်တရတ် ကြွေကျသွား၊ အရှိန်အဟုန်ပြင်းပြင်းနဲ့မြစ်
ထူးခတ်ပစ်လိုက်သလိုပေါ့။ ဒီနေရာမှာ ရပ်လိုက်တော့ဆိုလို့ ငြိမ်ငြိမ်သက်သက် နှလုံးသွေးရပ်ပေးလိုက်ရ…။
‘ကိုယ် သွားတော့မယ်..ကိုယ့်စိတ်ထဲမှာ မင်းအမြဲရှိနေမှာပါ..’
ကိုယ့် အသံကိုယ် နှုတ်ခမ်းနဲ့ကိုက်ထားလိုက်တယ်…တစ်လှမ်း
နှစ်လှမ်း…ခြေလှမ်းပေါင်းများစွာ
ကျစ်ကျစ်ပါအောင် ပိုက်ထားတဲ့ ခြေထောက်တွေ..နာကျင်နေတဲ့ရင်ကို
တင်းတင်းဖိထား..မခေါ်ဘူး မခေါ်တော့ဘူးကွယ်…
ရယ်ပြီးရင်ငိုရတာ ဘ၀လား
တစ်ဘ၀လုံး ငိုရဖို့အတွက်
ရယ်ချိန် တိုတောင်းလိုက်တာ
ဖြည်ချလိုက်တဲ့ လက်ဟာ ဗလာ
ဘာအတွက် ရပ်ကြည့်နေမိလဲ
တွယ်ရာမဲ့…။
တယော
Subscribe to:
Posts (Atom)